ရှမ်းပြည်နယ်ဝန်ကြီးချုပ် နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique Identity(UID) ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

 



မိုင်းပန် မေ ၁၂


မိုင်းပန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ သွားရောက်အားပေးသည်။


ထို့နောက် မိုင်းတုံမြို့ မြို့မ အုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက် ခြင်း ကွင်းသရုပ်ပြသမှု၊ မိုင်းတုံမြို့ အခြေခံပညာထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် Unique Identity(UID) ဆောင်ရွက်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ကြသည်။


ယင်းနောက် မိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ နယ်မြေတည်ငြိမ် အေးချမ်းမှသာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသအုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.