အိန္ဒိယ၌ ဒီဇယ်နှင့် လေယာဉ်ဆီတင်ပို့မှု အခွန်တိုးမြှင့်
အိန္ဒိယအစိုးရသည် ဒီဇယ်နှင့်
လေယာဉ်ဆီ တင်ပို့မှုအပေါ် ကောက်ခံသည့်အခွန်ကို
ဇွန် ၁၆ ရက်မှ စတင်ကာ တိုးမြှင့်ခဲ့သည်။ ယင်းမှာ ပြည်တွင်းရေနံထွက်ပစ္စည်းများ
လုံလောက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ဓာတ်ဆီတင်ပို့မှုနှင့်ပတ်သက်၍ အထူးအခွန်နှုန်းထားကိုမူ
ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဌာနသည်
ဒီဇယ်တစ်လီတာ လျှင် ပို့ကုန်အခွန်ငွေ ၁၃ ဒသမ ၅ ရူပီးမှ ၁၄ ရူပီးသို့လည်းကောင်း၊ လေယာဉ်ဆီတစ်လီတာလျှင်
၉ ဒသမ ၅ ရူပီးမှ ၁၂ ဒသမ ၅ ရူပီးသို့လည်းကောင်း တိုးမြှင့်ထားသည်။
ဆင်ဟွာ

No comments