သာကေတမြို့နယ်၌ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဆင်းပွဲ ကျင်းပ

 



ရန်ကုန် ဇွန် ၂၈


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဖွင့်လှစ်သည့် သမဝါယမ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဆင်းပွဲကို ဇွန် ၂၆ ရက်က သာကေတမြို့နယ် သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပသည်။


 ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဦးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်ကျော်(ပြန်/ဆက်)

No comments

Powered by Blogger.