မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၃၅)ယာဉ်ထိန်းတပ်ဖွဲ့စုက ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ဇွန် ၂၅ ရက်က အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း မြတ်ဆရာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်ရီက အမှာစကားပြောကြားပြီး အမှတ်(၃၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်က အသိပညာပေးဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments