သထုံမြို့နယ်၌ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲ ကျင်းပ
သထုံ ဇွန် ၂၈
မွန်ပြည်နယ် သထုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းကို ဇွန် ၂၆ ရက်က စတင်ဖွင့်လှစ် သည်။
သင်တန်းတွင် ဦးစွာ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးဌာနမှူး ဦးရဲလွင်သိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးဝင်း၊ သထုံ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူတို့က ငါးများ၏ နေထိုင်ကျက်စားမှုဓလေ့၊ ငါးကန်တူးဖော်ခြင်း၊ ကန်အရည်အသွေး ပြုပြင်ခြင်း၊ ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ မျိုးငါးရွေးချယ် ထိန်းသိမ်းခြင်း၊ ရေချိုငါးမျိုးများ လက်တွေ့ဆေးထိုးသားဖောက်ခြင်း၊ ငါးအစာအာဟာရနှင့် အစာကျွေးနည်းစနစ်များကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments