မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် မကွေးဗဟိုအကျဉ်းထောင် ကြည့်ရှုစစ်ဆေး
မကွေး ဇွန် ၂၈
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးထွန်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးဗဟိုအကျဉ်းထောင်အား သွားရောက်စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသူ အကျဉ်းသားများအား ဥပဒေပါ အခွင့်အရေးများရရှိမှု ရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှဉ်းပန်း နှိပ်စက်မှုများ ရှိ/မရှိ၊ သောက်သုံးရေ သန့်ရှင်းစင်ကြယ်မှုရှိ/မရှိ၊ အစားအသောက် အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ/ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု၊ သန့်ရှင်းမှု ရှိ/ မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အမျိုးသမီးအကျဉ်းသူ၊ အချုပ်သူများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော်များဖြင့် စောင့်ရှောက်မှု ရှိ/မရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့် အချုပ်တရားခံများ ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိ/ မရှိနှင့် ကျန်းမာရေး စောင့်ရှောက်ထားရှိမှုတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments