ဥပဒေအရာရှိများ ပို့ချပေးသည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း ပို့ချမှုပြီးဆုံး

 



ရန်ကုန် ဇွန် ၂၈


ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှကြီးကြပ်၍ ခရိုင်နှင့် မြို့နယ်များမှ ဥပဒေအရာရှိများက ဇွန် ၂၂ ရက်မှစ၍ ပို့ချပေးနေသည့် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၌ ဖွင့်လှစ်ပို့ချပေးခဲ့ရာ ဇွန် ၂၆ ရက်က သင်တန်းပြီးဆုံး ခဲ့သည်။


တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခု၌ ဥပဒေဘာသာရပ် ၁၂ မျိုး ကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်‌ ရေးမှူး ၁၃၆၄ ဦးတို့အား ဥပဒေ၏ အခြေခံသဘောတရားများ၊ ဥပဒေပညာဖြင့် အသိပညာ‌ပေးခြင်း၊ ဥပဒေအသိပညာပြန့်ပွားရေး၊ ပြစ်ဒဏ်များ ချမှတ်ထားခြင်း၊ ဥပဒေပညာကို ပြန်လည်အသုံးချနိုင်ရန်နှင့် လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရန်အတွက် ဥပဒေ ဘာသာရပ်များကို ပို့ချပေးခြင်း ဖြစ်သည်။ မင်္ဂလာဒုံခရိုင်နှင့် သန်လျင်ခရိုင်တို့၌ ဥပဒေဘာသာ ရပ်များပို့ချနေမှုကို ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်‌ ဒေါ်ဖြူမာဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွန့်လွင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အရာရှိများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါသင်တန်းကို ဇွန် ၂၂ ရက်မှ ၂၆ ရက်အထိ ပို့ချပေးခဲ့ခြင်း ဖြစ်သည်။


မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးဥပဒေချုပ်နှင့်အဖွဲ့သည် သန်လျင် ခရိုင်ဥပဒေရုံး Pilot Law Office ဆောင်ရွက်ထားရှိမှုနှင့် ရွှေပြည်သာ မြို့နယ်ဥပဒေရုံးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - ဥဿ

ဓာတ်ပုံ - ကိုလွင်

No comments

Powered by Blogger.