ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး တီးတိန်မြို့နှင့် ဖလမ်းမြို့တို့တွင် ဌာနဆိုင်ရာရုံးများ ပျက်စီးမှုအခြေအနေ အသေးစိတ်စိစစ်မှု ကြည့်ရှုစစ်ဆေး

 


ဟားခါး ဇွန် ၄

 

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့ပေါ်၌ အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းသင်တန်းကျောင်းများရှိ အဆောက်အအုံများနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများ၏ ပျက်စီးမှုအခြေအနေကို တီးတိန်မြို့နယ် လမ်းဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးဆောင်သောအဖွဲ့က အသေးစိတ် တိုင်းတာစိစစ်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ ချင်းပြည်နယ်လမ်းဦးစီးဌာနနှင့် အဆောက်အဦအထူးအဖွဲ့တို့မှ လက်ထောက် အင်ဂျင်နီယာ ဦးဆောင်သောအဖွဲ့သည် ဖလမ်းမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင်များ ပျက်စီးနေမှုအခြေအနေကိုအသေးစိတ်တိုင်းတာစိစစ်ခဲ့ကြောင်း သိရသည်၊။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.