ဝမ်းတွင်းမြို့၌ လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပ
![]() |
ဝမ်းတွင်း ဇွန် ၄
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုံး) သင်တန်းဆင်းပွဲကို မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နှင်းအိအိသွယ်က အမှာစကားပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ အဆိုပါ သင်တန်းကို မေ ၂၁ ရက်မှ ဇွန် ၃ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သန်းတင်အောင် (ကြေးမုံ)

No comments