၁၉၅၄ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပွဲအနည်းဆုံးဖြင့် ဂိုး ၁၀၀ ပြည့် စံချိန်တင်



နယ်သာလန်က ဆွီဒင်ကို ငါးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သော ပွဲစဉ်တွင် တောင်ပံတိုက်စစ်ကစားသမား ကိုဒီဂတ်ပိုက ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဂိုး ၁၀၀ မြောက်ကို သွင်းယူနိုင်ခဲ့သည်။

နယ်သာလန်အသင်းအတွက် တတိယဂိုး သွင်းယူနိုင်ခဲ့သော ဂတ်ပို၏ သွင်းဂိုးကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃၃ ပွဲမြောက်တွင် ဂိုး ၁၀၀ မြောက်သွင်းယူပြီး စံချိန်မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၁၉၅၄ ခုနှစ်က  ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမြန်ဆုံး သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် စံချိန်ဖြစ်သည်။ ၁၉၅၄ ခုနှစ်က ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ပြည့်မြောက်ရန် ပွဲ ၂၀ သာ ကစားခဲ့ရကြောင်း သိရသည်။

၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၁၉၈၂ စပိန်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ပြည့်မြောက် ရန် ပွဲပေါင်း ၃၆ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရသည်။ ထို့အပြင်  ၁၉၇၈  အာဂျင်တီးနား ကမ္ဘာ့ဖလားနှင့် ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၁၀၀ ပြည့်မြောက်ရန် ပွဲပေါင်း ၃၈ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရသည်။

မိုးဇက်

No comments

Powered by Blogger.