နာဆာက လဆင်းသက်ယာဉ်နှစ်စင်း ကမ္ဘာပတ်လမ်းအတွင်း ချိတ်ဆက်စမ်းသပ်မှု ၂၀၂၇ ခုနှစ်တွင် ပြုလုပ်မည်



ကယ်လီဖိုးနီးယား   ဇွန်  ၁၀

လာမည့်နှစ်အတွင်း နာဆာ၏ အဓိကအာကာသယာဉ်နှင့် အမေရိကန်ကုမ္ပဏီကြီးနှစ်ခု၏ လဆင်းသက်ယာဉ်များအကြား ကမ္ဘာပတ်လမ်းအတွင်း ချိတ်ဆက်စမ်းသပ်မှုကို လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း အမေရိကန်အာကာသအေဂျင်စီ  နာဆာက ကြေညာသည်။

အမေရိကန်နှင့်အီတလီယာဉ်မှူးများပါဝင်

အမေရိကန်ဦးဆောင်သည့်   Artemis အပြည်ပြည်ဆိုင်ရာ လကမ္ဘာစူးစမ်းရှာဖွေရေး ပရောဂျက် အတွက် ၂၀၂၇ ခုနှစ် မစ်ရှင်ကို ဇွန် ၉ ရက် တွင် နာဆာက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အမေရိကန်အာကာသယာဉ်မှူး  သုံးဦးနှင့်   အီတလီအာကာသယာဉ်မှူး   တစ်ဦး ပါဝင်မည်ဖြစ်သည်။ နာဆာ၏ အာကာသယာဉ်သည် ကမ္ဘာပတ်လမ်းအတွင်း Blue Origin က တည်ဆောက်သည့်  လဆင်းသက်ယာဉ်နှင့်     ပထမဆုံးချိတ်ဆက်မည်ဖြစ်ပြီး   SpaceX    က   တည်ဆောက်သည့်နောက်ထပ် လဆင်းသက်ယာဉ်တစ်စင်းနှင့် ဆက်လက်ချိတ်ဆက်စမ်းသပ်မှုများ    ပြုလုပ်မည်ဖြစ်သည်။

အရေးပါသော အဆင့်တစ်ခုဖြစ်

အာကာသယာဉ်မှူးများသည် နည်းစနစ်ဆိုင်ရာ စမ်းသပ်မှုနှင့်စစ်ဆေးမှုများ     ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါစမ်းသပ်မှုသည် ၂၀၂၈ ခုနှစ်တွင် လပေါ်သို့    လူဆင်းသက်မည့်    မစ်ရှင်အတွက်  အရေးပါသော အဆင့်တစ်ခုလည်းဖြစ်သည်။   လက်တွေ့  လဆင်းမစ်ရှင်တွင်   အာကာသယာဉ်မှူး များသည်   လအနီးရှိ   လဆင်းသက်ယာဉ်အတွင်းသို့  ဝင်ရောက်၍   လုပ်ငန်းများဆောင်ရွက်မည် ဖြစ်သည်။

မေလအတွင်းက ဖလော်ရီဒါ၌ ပြုလုပ်ခဲ့သည့် စမ်းသပ်မှုတစ်ခုတွင် Blue Origin ၏ ဒုံးပျံသစ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် လာမည့်နှစ် စမ်းသပ်ပျံသန်းမှုအတွက် ဒုံးပျံစနစ်များကို အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နိုင်မည်ဟု    ယုံကြည် ကြောင်း နာဆာမှ  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.