ယဉ်ကျေးမှုစာတမ်းဖတ်ပွဲနှင့် ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 


ပြည် ဇွန် ၂၄


ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးသည့် ယဉ်ကျေးမှု စာတမ်းဖတ်ပွဲနှင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ် Theatre ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်နန်းနန်းဝေက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများ၊ ပြည်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာအေးအေးမြင့်က အမျိုးသမီးကဏ္ဍမြှင့်တင်ဖို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစို့၊ ပြည်ခရိုင် ဒုတိယဥပဒေအရာရှိ ဒေါ်အိသူဇာမျိုးက အမျိုးသမီးငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးကြကြောင်း သိရသည်။


ဝဏ္ဏထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.