မကွေးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
မကွေး ဇွန် ၂၄
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့တွင် မကွေးမြို့ ဗိုလ်ချုပ်လမ်း လမ်းငါးသွယ်အဝိုင်း၊ ဧရာဝတီ တံတားအဝိုင်း၊ မြို့ဝင်မုခ်ဦးနှင့် မြို့တော်ခန်းမရှေ့တို့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှက်(၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မကွေးခရိုင်)မှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ထွန်းထွန်းဝင်း ဦးစီးသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက Quick Win အစီအမံ ငါးရပ်အား ယဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ကို စနစ်တကျ မေးသိုင်းကြိုး တပ်ဆင်ကြရန်၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် အန္တရာယ်ကင်း လုံခြုံရေးပတ်ကြိုးကို စနစ်တကျ ပတ်ရန်၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်းမပြုရန်၊ လမ်းညွှန် အမှတ်အသားများနှင့် အချက်ပြ မီးများကို တိကျစွာလိုက်နာ မောင်းနှင်ကြရန် အသိပညာပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments