တူကီယဲနိုင်ငံအနောက်ပိုင်း၌ ခရီးသွားဘတ်စ်ကား မတော်တဆမှုကြောင့် ၃၃ ဦး ဒဏ်ရာရရှိ



အစ္စတန်ဘူလ်  မေ  ၃၁

တူကီယဲနိုင်ငံအနောက်ပိုင်း၌ မေ ၃၁ ရက်အစောပိုင်းက ခရီးသွားဘတ်စ်ကားတစ်စီးမှာ လမ်းဘေးလက်ရန်း ကို တိုက်မိသဖြင့် ရှစ်ဦးသေဆုံး ကာ ၃၃ ဦးဒဏ်ရာရရှိကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြထားသည်။

အဆိုပါ ဘတ်စ်ကားမှာ ခရီးသည် ၃၈ ဦးနှင့် အမှုထမ်း သုံးဦးလိုက်ပါ လာကာ အက်ဇ်မီယာမြို့မှ မြေထဲ ပင်လယ်အပန်းဖြေမြို့ အင်တယ်ရာသို့ သွားရောက်ခဲ့ရာ   ဒန်နစ်ဇ်လီပြည်နယ်   အဝေးပြေးလမ်းမပေါ်တွင်    လမ်းဘေးလက်ရန်းကို    တိုက်မိပြီး    မီးလောင်ခဲ့ကြောင်း အသံလွှင့်ဌာန  အင်န်တီဗွီက ထုတ်လွှင့်ခဲ့သည်။ ယာဉ်မတော်တဆမှုကြောင့်   ယာဉ်မောင်းသူနှင့်    အသက်ကိုးလအရွယ်   ကလေးတစ်ဦး သေဆုံးခဲ့ ကြောင်း၊ ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။                                                 ဆင်ဟွာ

No comments

Powered by Blogger.