အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၈၃) သင်တန်းဆင်း




နေပြည်တော် ဇွန် ၁၂


အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၈၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ ဝင် ဦးထွန်းထွန်းဝင်း၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ တာဝန် ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်က အမှာစကား ပြောကြားပြီး ထူးချွန်ဆုရရှိသူများ အား ဂုဏ်ပြုဆုများနှင့် သင်တန်း သား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။


အဆိုပါသင်တန်းသို့ သင်တန်းသား ၈၉ ဦး၊ သင်တန်းသူ ၃၄၀ စုစုပေါင်း ၄၂၉ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments

Powered by Blogger.