လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၉ သင်တန်းဆင်း

 



နေပြည်တော် ဇွန် ၁၂

မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ‌ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ခိုင် ခိင်အောင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ စာရင်းကိုင် အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများ၊ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင် များအသင်းနှင့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း များ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများ ကိုယ်စား မပြည့်ဖြိုးဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။                          သတင်းစဉ်

No comments

Powered by Blogger.