ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့တွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လေးဦး ထိခိုက်ဒဏ်ရာရရှိ



ဇွန် ၂

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားမြို့ရှိ စီးပွားရေးနှင့် လူနေအိမ်ရာရပ်ကွက်တစ်ခုတွင် ဝက်ဝံတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ဆာဆာကီနိုခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက တောဝက်ဝံတစ်ကောင်သည် ကုမ္ပဏီတစ်ခု၏ အဆောက်အအုံနှင့် အနီးနားရှိ လူနေရပ်ကွက်တွင် လူများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရသူ လေးဦးသည် သတိရှိနေဆဲဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံမီးသတ်ဌာနက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် JR Ou Main Line ရှိ ဆာဆာကီနို ဘူတာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်နောက်ပိုင်း ယင်းဝန်းကျင်တွင် ဝက်ဝံများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဝက်ဝံကို ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များက အထူးစောင့်ကြည့်သတိထားလျက်ရှိပြီး ဝက်ဝံတိုက်ခိုက်ခံရသည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန်လည်း ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.