ပါရာဂွေးအသင်းတိုက်စစ်ကစားသမား အန်ဆီဆို ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ် ရှိ



ပါရာဂွေးအသင်းတိုက်စစ်ကစားသမား အန်ဆီဆိုသည် ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် နီကွာရာဂွါကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ဘရိုက်တန်တိုက်စစ်ကစားသမားဟောင်းသည် ပြီးခဲ့သည့်နှစ်တွင် ပြင်သစ် လီဂူးဝမ်းကလပ် စထရာဘော့ဂ်အသင်းသို့  ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ အန်ဆီဆိုသည်  ပါရာဂွေး အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိ ထားသူဖြစ်ပြီး သုံးဂိုးသွင်းကာ နှစ်ဂိုးဖန်တီးပေးထားသည်။ ၎င်းသည် စထရာဘော့ဂ်အသင်းသို့ စရောက်သည့်ရာသီတွင် အသင်းအတွက် ၁၂ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ကိုးကြိမ်အထိ ပြုလုပ်ထား သည်။  

ပါရာဂွေးအသင်းသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် လာမည့် ဇွန် ၁၃ ရက်တွင် ပူးတွဲအိမ်ရှင် အမေရိကန်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းနောက် ဇွန် ၂၀ ရက်တွင် တူကီယဲ၊ ဇွန် ၂၆ ရက်တွင် ဩစတြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မိုးဇက်

No comments

Powered by Blogger.