အရှေ့အလယ်ပိုင်းဒေသ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်အဆင့် ဩစတြေးလျ လျှော့ချ
ကန်ဘာရာ ဇွန် ၁၇
အမေရိကန်နှင့် အီရန်တို့
ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် အစ္စရေး၊ ယူအေအီး နိုင်ငံတို့အပါအဝင်
အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့သို့ ခရီးသွားလာခြင်းနှင့်ပတ်သက်၍ ဩစတြေးလျနိုင်ငံက
သတ်မှတ်ထားသည့် သတိပေးချက်အဆင့်ကို ဇွန် ၁၇ ရက်တွင် လျှော့ချလိုက် ကြောင်း သိရသည်။
ဩစတြေးလျအစိုးရသည် ဘာရိန်း၊
အစ္စရေး၊ ကူဝိတ်၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့သို့ ခရီးသွား မည်ဆိုပါက ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်အဆင့် ၄ အရ ခရီးလုံးဝမထွက်ရဟူသည့်
သတ်မှတ်ချက်ထုတ်ပြန်ထားရာမှ ယခုအခါ သတိပေးချက်အဆင့် ၃ ဖြစ်သည့် ခရီး သွားလာရန် လိုအပ်ခြင်းရှိမရှိ
ပြန်လည်စဉ်းစားရန်ဟူသည့် အဆင့်သို့ လျှော့ချလိုက်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးရာကိစ္စရပ်များ ဝန်ကြီး
ပန်နီဝေါင်က ပြောသည်။
သို့သော်လည်း အစ္စရေးနိုင်ငံ၏ ဒေသအချို့အတွက် သတိပေးချက် အဆင့် ၄ ကို ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်သည်။
အီရန်၊ အီရတ်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် ယီမင် နိုင်ငံတို့သို့ ဩစတြေးလျနိုင်ငံသားများ
ခရီးလုံးဝမထွက်ရန် သတိပေးချက်အဆင့် ၄ ထုတ်ပြန်ထား သည်။ ဂျော်ဒန်၊ အိုမန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အတွက်
ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် အဆင့် ၃ သို့ လျှော့ချထားကြောင်း သိရသည်။
ဆင်ဟွာ

No comments