စပိန်၌ နွေရာသီပထမအပူလှိုင်းအပြီး တောမီးလောင်မှုများ ဖြစ်ပွား
မက်ဒရစ် ဇွန် ၂၈
စပိန်နိုင်ငံ၌ နွေရာသီ၏ ပထမဦးဆုံး
အပူလှိုင်းဖြစ်စဉ်အပြီးတွင် တောမီးလောင်မှုများဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့အပြားတွင်
သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
တောမီးလောင်မှုဖြစ်ပွားသည့်နေရာများထဲတွင်
ဟွက်စကာပြည် နယ်မြောက်ပိုင်း လာလီတာရာ ဒေသလည်း ပါဝင်ပြီး မြေဟက်တာပေါင်း ၄၀၀၀ ဝန်းကျင်
မီးလောင်ဆုံးရှုံးခဲ့သည်။ ထို့ပြင် အနောက် မြောက်ပိုင်း အယ်လ်ဘီယာဇိုးဒေသနှင့် ဇာရာဂိုဇာပြည်နယ်
ဒေသအချို့တွင်လည်း တောမီးလောင်မှု များ ဖြစ်ပွားခဲ့သည်။
တောမီးအချို့မှာ မိုးကြိုးပစ်ခတ်မှုကြောင့်ဖြစ်ပြီး
ဟွက်စကာပြည် နယ်တွင် ဇွန် ၂၆ ရက်က လူပေါင်း ၂၀၀ ခန့်ကို ၎င်းတို့နေအိမ်များမှ ဘေးလွတ်ရာသို့
ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့အပြင် ဘာစီလိုနာမြို့ အနီး တီယာနာ၊ ဆန်ဖော့စ် ဒီကမ်ဆန်တယ်လက်စ်၊
မာတိုရယ်လ်နှင့် ဆန်တာ မာရီယာဒီ မာတိုရယ်လ်တို့အကြားဖြစ်ပွားသည့် မီးလောင်မှုများကြောင့်
လူပေါင်း ၁၆၀၀၀ ခန့်ကို နေအိမ် အတွင်းသာနေထိုင်ရန် အကြောင်းကြားခဲ့သည်။
ဆင်ဟွာ

No comments