အီသီယိုးပီးယား ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရရှိ
အဒစ္စအဘာဘာ ဇွန်
၂၈
အီသီယိုးပီးယားနိုင်ငံသည် ဇူလိုင် ၇ ရက်တွင် အဆုံးသတ်မည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း
ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရရှိခဲ့ကြောင်း အစိုးရက ဇွန် ၂၇ ရက်တွင်
ကြေညာသည်။
ယခုဘဏ္ဍာနှစ်အတွင်း အရှေ့အာဖရိကနိုင်ငံ၏ စုစုပေါင်း ပြည်ပ ကုန်ပစ္စည်းတင်ပို့မှု
ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံတကာဈေးကွက်သို့ ကော်ဖီတင်ပို့မှုမှရရှိခြင်းဖြစ်ကြောင်း
အီသီယိုးပီးယား စိုက်ပျိုးရေးဝန်ကြီး အဒီဆူ အာရီဂါက ပြောကြားသည်။
နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ဈေးကွက်သို့ ကော်ဖီတန်ချိန်
၄၇၀၀၀၀ ခန့် တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ
၂ ဒသမ ၆၅ ဘီလီယံကျော် ရရှိခဲ့ကြောင်း အီသီယိုးပီးယား ကော်ဖီနှင့် လက်ဖက်ရည်အာဏာပိုင်အဖွဲ့
(ECTA) ၏ အချက်အလက်များအရ သိရသည်။
ဆင်ဟွာ

No comments