အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်ဒဏ်သင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရာတွင် အသုံးပြုသောစက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်
ရန်ကုန် ဇွန် ၁၀
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်ဒဏ်သင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရာတွင်
အသုံးပြုသော စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့
လှိုင်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall ၌ ကျင်းပသည်။
အမှာစကားပြောကြား
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ
ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး
H.E. Abhay Thakurက အမှာစကား ပြောကြားကာ ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းအဖွဲ့ချုပ်
မြန်မာနိုင်ငံ ငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး
ငလျင်ဒဏ်သင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ
ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြသည်။
အိန္ဒိယသမ္မတနိုင်ငံမှ ၂၀၂၆ ခုနှစ်
မတ်လက ပထမအကြိမ်အနေဖြင့် ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက်
စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၁၁ မျိုးနှင့် တန်ဖိုးငွေ ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ
ပစ္စည်းများပါဝင်ပြီး ယနေ့ လွှဲပြောင်းပေးအပ်သည့် ဒုတိယအကြိမ်မြောက် လှူဒါန်းမှုတွင်
ငလျင်တိုင်းကိရိယာ၊ ကွန်ကရစ် အတွင်းပိုင်းဘက် စစ်ဆေးသည့် ကိရိယာ၊ အပူလှိုင်းပုံရိပ်ဖမ်း
ကင်မရာ၊ အဆောက်အအုံကြံ့ခိုင်မှု စောင့်ကြည့်သည့်စက်ယန္တရားနှင့် ပစ္စည်းကိရိယာများပါဝင်ပြီး
တန်ဖိုးငွေ ရူပီး ၁၇ ဒသမ ၇၅ သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
သတင်းစဉ်

No comments