သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းဖွင့်လှစ်

 


ပုသိမ် ဇွန် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာမြို့ရှိ ဟိုတယ်၊ ဈေး၊ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်း ၅၀ ဖြင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၆)ကို ယမန်နေ့နံနက်ပိုင်းက AZURA ဟိုတယ်၌ ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း က အမှာစကားပြောကြားသည်။

 

သင်တန်းတွင် မီးလောင်မှု အကြောင်းရင်းများ၊ မီးသတ်ဆေးဘူးအကြောင်းအရာနှင့် မီး အတန်းအစား ခွဲခြားနည်း၊ မီး အတန်းအစားအလိုက် မီးငြှိမ်းသတ်နည်းများ၊ ဆီမီးလောင်မှုငြှိမ်းသတ်နည်းများ၊ မီးသတ်ကားဖြင့် လက်တွေ့ ရေစိုလေ့ကျင့်ခန်း၊ မီးသတ်ဦးစီးဌာန၏ သီအိုရီအကြောင်း၊ စစ်ရေးပြဘာသာရပ်များကို ဇွန် ၉ ရက်မှ ၁၃ ရက် အထိ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေချို

No comments

Powered by Blogger.