ဟင်္သာတမြို့၌ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကျင်းပ
ဟင်္သာတ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း ခန်းမ၌ ကျင်းပသော (၂၅)ကြိမ်မြောက် သူနာပြု - သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းမှ ပထမနှစ်သင်တန်းသား သင်တန်းသူ ၇၀ တို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ပထမနှစ် သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးခြင်း၊ ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အဓိဋ္ဌာန်ပြုခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းများအလိုက် ထူးချွန်ဆု ရရှိခဲ့ကြသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments