အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




နေပြည်တော် ဇွန် ၂၄

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)ကို နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော နိုင်ငံပိုင်ရုံးအဆောက်အဦ၊ အထူး အဆောက်အဦများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲနှင့် နည်းပညာဆိုင်ရာအခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်သော နေပြည်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးတို့က အမှာစကား ပြောကြားကြသည်။


ယင်းနောက် တက်ရောက်လာကြသူများ၏ ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် ဌာနအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.