အီလွိုင်ရွန်း၏ အံ့အားသင့်ဖွယ်လက်စွမ်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပထမဆုံးရမှတ် ကျူရာဆို ရရှိ



ကျူရာဆိုအသင်းသည် နာမည်ကြီး အီကွေဒေါအသင်းကို ဂိုးမရှိ သရေကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်   ပထမဆုံး ရမှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။  

ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ် (၂) အဖြစ် ဇွန် ၂၁ ရက် နံနက် ၆ နာရီခွဲက Kansas  City  ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ကျူရာဆိုအသင်းအတွက် သမိုင်းဝင် ရမှတ်ရရှိအောင် စွမ်းဆောင် ပေးခဲ့သူမှာ ပွဲချိန်တစ်လျှောက် ပြိုင်ဘက်အသင်း၏ ထိုးဖောက်ကန်သွင်းချက်များကို    အံ့အား သင့်ဖွယ် လက်စွမ်းဖြင့်  ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား အီလွိုင်ရွန်း ဖြစ်သည်။

၎င်းသည် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်ဂိုးသမား တင်ဟောင်းဝပ်  စံချိန်တင်ထားသည့် ဂိုးပေါက်ကာကွယ်မှု ၁၅ ကြိမ် စံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။ တင်ဟောင်းဝပ် သည် ၂၀၁၄ ခုနှစ်က ဘယ်လ်ဂျီယံနှင့် ပွဲစဉ်တွင်  ဂိုးပေါက်ကာကွယ်မှု ၁၅ ကြိမ်ဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။

ကျူရာဆိုအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(င)တွင် နှစ်ပွဲကစား တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စုအောက်ဆုံးတွင် ရပ်တည်နေသည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိုင်ဗရီကို့စ်အသင်းနှင့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ 

မိုးဇက်

No comments

Powered by Blogger.