ကရင်ပြည်နယ်ဝန်ကြီးချုပ် နို့စားနွားမွေးမြူရေးခြံနှင့် ငွေနှင်းမှိုစိုက်ပျိုးရေးခြံများ ကြည့်ရှုအားပေး

 



ဘားအံ ဇွန် ၂


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု ပဒဲကော ကျေးရွာရှိ တောင်သူ  ဦးဝင်းမြင့်၏ နို့စားနွားမွေးမြူရေးခြံတွင် ခြံလှောင်စနစ်ဖြင့် ဖရီရှန်နို့စားနွားမျိုး ၄၁ ကောင် မွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ပိဿာချိန် ၅၀ ထွက်ရှိမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။


ထို့နောက် အဆိုပါ နို့စားနွားမွေးမြူရေးခြံနှင့် တွဲဖက်၍ ဒေသကြက်နှင့် မန်ဒါလီဘဲကောင်ရေ ၁၀၀ ကျော် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးကာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ချီးမြှင့်သော အာဟာရဆားခဲနှင့် တိရစ္ဆာန်သုံးဆေးဝါးများကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ပဒဲကောကျေးရွာရှိ တောင်သူ ဦးဆွေဦး၏ ငွေနှင်းမှို စိုက်ပျိုးရေးခြံနှင့် တောင်ကလေး ကျေးရွာရှိ တောင်သူ စောကိုကိုဦး၏ ငွေနှင်းမှို စိုက်ပျိုးရေးခြံတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရပြည့်ဝသည့်မှိုများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် စားသောက်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး မှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.