သီရိလင်္ကာ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၂၀၀၀ ကျော်နှင့် သေဆုံးသူ ၃၁ ဦးရှိ



ကိုလံဘို  ဇွန်  ၂၉

သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၅၂၀၀၀ ကျော်ရှိပြီး သေဆုံး သူ ၃၁ ဦးရှိကြောင်း၊  ဗိုင်းရပ်စ်မျိုးကွဲ ပြောင်းလဲမှုနှင့် ခြင်ပေါက်ပွားမှုများကြောင့်    ရောဂါဖြစ်ပွားမှု တိုးလာခြင်းဖြစ်ကြောင်း  အာဏာပိုင်များက သတိပေးထားသည်။

မိုးရာသီနှင့် ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုများကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် အပျက်အစီးများက ခြင်ပေါက်ပွားရန် အခြေအနေများကို ပိုမိုဖြစ်ပေါ်စေကြောင်း   အမျိုးသား သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန (NDCU) ဒါရိုက်တာ ကာပီလာ ကန်နန်ဂါရာက ပြောကြားသည်။                    

ဆင်ဟွာ

No comments

Powered by Blogger.