အာဖရိကဒေသဆိုင်ရာ အီဘိုလာရောဂါတိုက်ဖျက်ရေး စင်္ကြံတည်ထောင်
အဒစ်အဘာဘာ ဇွန်
၂၉
အာဖရိကဒေသတွင်း အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက်
အာဖရိကကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာ၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူဂန်ဒါအစိုးရတို့အကြား ဒေသတွင်း ရောဂါ ထိန်းချုပ်မှုစီမံခန့်ခွဲရေးအထောက်အကူပြု
ပူးပေါင်းအဖွဲ့ တရားဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဒေသတွင်းကျန်းမာရေးဆိုင်ရာ
အရေးပေါ်အခြေအနေများနှင့် အီဘိုလာရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုဖွဲ့စည်းသည့်အဖွဲ့သည်
လက်ရှိဖြစ်ပွားနေသော Bundibugyo အီဘိုလာဗိုင်းရပ်စ်ရောဂါ တုံ့ပြန် မှုကို ပံ့ပိုးပေးမည်ဖြစ်ပြီး အာဖရိက၏
ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက်
ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် တုံ့ပြန်ခြင်းစွမ်းရည်ကို အားကောင်းစေရန်
ပေါင်းစည်း ထားသော လုပ်ငန်းလည်ပတ်မှုစင်္ကြံတစ်ခုကို တည်ထောင်ဆောင်ရွက်မည်ဟု သိရသည်။
“ယခုဆောင်ရွက်ချက်သည် အာဖရိက၏
ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို တုံ့ပြန် ရာတွင် အားကောင်းစေရန် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး အာဖရိကကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၊ ကမ္ဘာ့ကျန်းမာရေး
အဖွဲ့နှင့် အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုရှုပ်ထွေးလာသော ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုများကို
ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်
ဦးဆောင်သော တုံ့ပြန်မှုများကို တည်ဆောက်ရန် မျှဝေထားသော ကတိကဝတ်ကို ထင်ဟပ်စေသည်ဟု” အာဖရိကကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ထုတ်ပြန်ချက်အရ
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ

No comments