အိန္ဒိယ ဒေလီ၌ လျှပ်စစ်ယာဉ်မူဝါဒသစ် အတည်ပြု၊ EV အသုံးပြုမှု တိုးမြှင့်ရန်ရည်ရွယ်
နယူးဒေလီ ဇွန် ၂၉
အိန္ဒိယနိုင်ငံ ဒေလီအစိုးရ၏
လျှပ်စစ်ယာဉ် (EV) မူဝါဒသစ်သည် ပြည်သူများအကြား လျှပ်စစ် ယာဉ်အသုံးပြုမှုကို ပိုမိုမြန်ဆန်စွာ
တိုးပွားစေခြင်း၊ မော်တော်ယာဉ်များမှ ထွက်ရှိသော လေထု ညစ်ညမ်းစေသည့် ဓာတ်ငွေ့များကို လျှော့ချခြင်းနှင့်
EV အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးခိုင်မာ စေခြင်းတို့ကို ရည်ရွယ်ထားကြောင်း စက်မှုလုပ်ငန်းရှင်များအသင်းက
ပြောကြားသည်။
ဇွန် ၂၉ ရက်တွင် အိန္ဒိယအစိုးရက အတည်ပြုလိုက်သည့် မူဝါဒအသစ်အရ အိန္ဒိယရူပီး သုံးသန်း သို့မဟုတ် ယင်းအောက်
ဈေးဖြင့် ရောင်းချနေသည့် လျှပ်စစ်ကားများကို ဒေလီမြို့တွင် မှတ်ပုံတင် ပါက လမ်းခွန် ၁၀၀
ရာခိုင်နှုန်း ကင်းလွတ်ခွင့်နှင့် ယာဉ်မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်တို့ကို ခံစားခွင့်ရမည်ဖြစ်သည်။
ထို့ပြင် လျှပ်စစ်နှစ်ဘီးယာဉ်ဝယ်ယူသူများအတွက် အစိုးရထောက်ပံ့ကြေးအနေဖြင့် ပထမနှစ်တွင် ရူပီး ၃၀၀၀၀၊
ဒုတိယနှစ်တွင် ရူပီး ၂၀၀၀၀ နှင့် တတိယနှစ်တွင် ရူပီး ၁၀၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း
သိရသည်။
ပီတီအိုင်

No comments