တောင်အာဖရိကအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ကနေဒါအသင်း ကမ္ဘာ့ဖလား (၁၆)သင်းအဆင့် တက်လှမ်း



ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၃၂)သင်း အဆင့်ပွဲစဉ်တွေထဲက အစောဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ တောင်အာဖရိက အသင်းနဲ့ ကနေဒါအသင်းတို့ ပွဲစဉ်ကို ဇွန် ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ကနေဒါအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တောင်အာဖရိကအသင်းနဲ့   ကနေဒါအသင်းတို့ပွဲစဉ်မှာ ကနေဒါအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ သွင်းယူခဲ့တဲ့ အက်စ်တာကွီယိုရဲ့ တစ်လုံးတည်းသော  သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းဟာ တောင်အာဖရိကအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း   ဖြစ်ပါတယ်။ တောင်အာဖရိကအသင်းကို  အနိုင်ရရှိခဲ့ပြီး  ကမ္ဘာ့ဖလား (၁၆)သင်းအဆင့်ကို  တက်လှမ်းခွင့်ရရှိခဲ့တဲ့ ကနေဒါအသင်းဟာ  နောက်တစ်ဆင့်မှာ မော်ရိုကိုအသင်းနဲ့  နယ်သာလန် အသင်းတို့  ပွဲစဉ်မှာ  အနိုင်ရရှိတဲ့အသင်းနဲ့  ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။       

ငွေကြယ်

No comments

Powered by Blogger.