ချောင်းဦးမြို့နယ်၌ အိန္ဒိယနိုင်ငံ၏ (QIP) အစီအစဉ်ဖြင့် အရည်အသွေးကောင်းဝါနှင့် မတ်ပဲသီးနှံစိုက်ခင်း ဧက ၂၀၀ ကျော် စိုက်ပျိုးမည်
ချောင်းဦး ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင်
ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၏ Quick Impact Project(QIP) အစီအစဉ်ဖြင့် အရည် အသွေးနှင့်
အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့များကို တောင်သူ များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ပွဲ
ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံကိန်းဦးစီးမှူးက မျိုးစေ့များ
ထောက်ပံ့ပေးအပ်ပြီး အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့်မျိုးစေ့များ မြို့နယ်အတွင်း
ပြန့်ပွားစေပြီး တောင်သူများအထွက်နှုန်းကောင်းမွန်၍ ဝင်ငွေတိုးပွားအဆင်ပြေစေရန် ရည်ရွယ်ကြောင်း
ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက မျိုးစေ့ထောက်ပံ့ပေးအပ်ရခြင်း၏
ရည်ရွယ်ချက်ကို ထပ်ဆင့်ပြောကြားပြီး တောင်သူ ၉၃ ဦး၏ လက်ဝယ်အရောက် ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များ
ထောက်ပံ့ပေးအပ်ခဲ့သည်။
၂၀၂၆-၂၀၂၇ ခုနှစ် သီးနှံစိုက်ပျိုးရာသီတွင်
ချောင်းဦးမြို့နယ်၌ အိန္ဒိယနိုင်ငံ၏ Quick Impact Project (QIP) အစီအစဉ်ဖြင့် အရည်အသွေးနှင့်
အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့ ၁၈၆ ဧကနှင့် မတ်ပဲမျိုးစေ့ ၆၂ ဧကကို တောင်သူ
၉၃ ဦးက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အဆိုပါသီးနှံမျိုးစေ့များ အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက်
စိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍
နည်းပညာများ ဆွေးနွေးပို့ချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး
ဦးတင့်ဆွေထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)

No comments