ရာထူးမှ နုတ်ထွက်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာ



လန်ဒန်     ဇွန်     ၂၃

ဗြိတိန်ဝန်ကြီးချုပ် ကီးယားစတန်မာက မိမိအနေဖြင့် လေဘာပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကာ ဝန်ကြီးချုပ်ရာထူးတာဝန်မှ နုတ်ထွက်မည့်အချိန်ကိုလည်း မကြာမီသတ်မှတ် မည်ဟု ဇွန် ၂၂  ရက်တွင်      ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

မိမိအား လေဘာပါတီခေါင်းဆောင်အဖြစ် ရပ်တည်နိုင်မည်ဟု လေဘာပါတီ ကိုယ်စားလှယ်များက မယုံကြည်ကြောင်းကြားသိရပြီး ၎င်းတို့၏ ရပ်တည်ချက်ကိုလက်ခံကြောင်း ဝန်ကြီးချုပ် ကီးယား စတန်မာက ပြောကြားသည်။ သို့ရာတွင် လေဘာပါတီခေါင်းဆောင်အသစ် မရွေးချယ်ရမီအချိန် အထိ မိမိသည် ဝန်ကြီးချုပ်အဖြစ် ရာထူးတာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး ရာထူးတာဝန်လွှဲပြောင်း ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် အမည်စာရင်းလျာထားခြင်းကို ဇူလိုင် ၉ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကာ လွှတ်တော်ရပ်နား သည့် ကာလဖြစ်သည့် နွေရာသီမတိုင်မီ အမည်စာရင်း လျာထားခြင်းလုပ်ငန်း ရပ်နားနိုင်ရေးအတွက်       အချိန်ဇယားရေးဆွဲပေးရန် အမျိုးသားအမှုဆောင်ကော်မတီအား မိမိက ပန်ကြားမည်ဟု ၎င်းက ပြောကြားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လေဘာပါတီ အနိုင်ရရှိခဲ့ပြီးနောက်    ကီးယားစတန်မာ ဝန်ကြီးချုပ်   ဖြစ်လာခဲ့သည်။ နိုင်ငံအား ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်မည်ဟု ၎င်းက ကြွေးကြော်ခဲ့သော်လည်း ရွှေ့ပြောင်းအခြေချသူများအရေး၊ စွမ်းအင် အရေးဆိုင်ရာ မူဝါဒအရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှုမရှိခြင်း အပေါ် ဝေဖန်မှုများရှိလာပြီး  အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ပီတာမင်ဒယ်ဆန်၏ အရှုပ်အထွေးကိစ္စများကြောင့် ဝန်ကြီးချုပ် ကီးယားစတန်မာအား ရာထူးမှ နုတ်ထွက်ရန် လေဘာပါတီအတွင်း တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.