ဖိလစ်ပိုင်တင်းနစ်မယ် အယ်လာ ဘာမင်ဂမ်ကလက်ဆစ်ဖလား ဆွတ်ခူး



နာမည်ကျော်  ဖိလစ်ပိုင်တင်းနစ်မယ်   အဲလက်ဇန္ဒြား   အယ်လာသည်     ဘာမင်ဂမ်ကလက်ဆစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်  ချက်ဇ်တင်းနစ်မယ်   နီကိုလာ   တာတွန် ကိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး  ၅-၇၊ ၆-၃၊ ၇-၅  ရလဒ်ဖြင့်  နိုင်ပွဲရရှိကာ   ယခုနှစ်  ပထမဆုံး ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

အယ်လာသည် ဆီမီးဖိုင်နယ်တွင်လည်း ဆွစ်ဇာလန်တင်းနစ်မယ် ရေဘက္ကာမာဆာရိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၂၊ ၄-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့   တက်လှမ်းလာသူဖြစ်သည်။ ၎င်းသည် နောက်ဆုံးဗိုလ်လုပွဲတွင်  ပြိုင်ဘက်တင်းနစ်မယ်  တာတွန် ကိုဗာကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဘာမင်ဂမ်ကလက်ဆစ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။

၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ   ပထမအဆင့်တွင်  အမေရိကန်တင်းနစ်မယ်   အီဗာယိုဗစ်ချ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသူ ဖြစ်သည်။        

အောင်ဇော်

No comments

Powered by Blogger.