ပြိုင်ဘက်ကိုရှုံးနိမ့်ပြီး လက်ရှိချန်ပီယံ ကိုကိုဂေါ့ဖ် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ ထွက်ရပြီ
ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ လက်ရှိချန်ပီယံ ကိုကိုဂေါ့ဖ်သည် မေ ၃၀ ရက်က ယှဉ်ပြိုင်ခဲ့သည့်
တတိယအဆင့်ပွဲစဉ်တွင် ပြိုင်ဘက်ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာကို
၄-၆၊ ၇-၆ (၇-၁)၊ ၆-၄ ရလဒ်ဖြင့် ရှုံးနိမ့်ကာပြိုင်ပွဲမှ
ထွက်ရပြီဖြစ်သည်။
ကိုကိုဂေါ့ဖ်သည် ယမန်နှစ်
ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၁) နာမည်ကြီး
ဘယ်လာရုစ် တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာကို ၆-၇။ ၆-၂၊ ၆-၄ ရလဒ် ဖြင့် နိုင်ပွဲရရှိကာ
ဖလားဆွတ်ခူးထားသူဖြစ်သည်။
သို့သော်လည်း ယခုနှစ်ပြိုင်ပွဲတတိယအဆင့်တွင်
ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့် တက်လှမ်းခွင့်လွဲချော်ခဲ့ပြီ ဖြစ်သည်။
ကိုကိုဂေါ့ဖ်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော
ပိုတာပိုဗာသည် စတုတ္ထအဆင့်တွင် ရုရှားတင်းနစ်မယ် အန်နာကာလင်စကာယာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကာလင်စကာယာသည် တတိယအဆင့်တွင် ကိုလံဘီယာတင်းနစ်မယ် ကာမီလာ အော်ဆိုရီယိုကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး
၆-၃၊ ၀-၆၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ စတုတ္ထအဆင့် တက်လှမ်းလာသူ ဖြစ်သည်။
ကိုကိုဂေါ့ဖ်နှင့်အတူ မူချိုဗာ၊
ဘော်လ်တာ၊ အမ်ဘိုကို၊ အနီဆီ မိုဗာ၊ အီဗာယိုဗစ်ချ်၊ ဆက္ကရီ စသည့် နာမည်ကြီးတင်းနစ်မယ်များလည်း
ပြိုင်ဘက်ကို အသီးသီးရှုံးနိမ့်ပြီး နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ထားသည်။
မိုးဇက်

No comments