ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုး
ကျုံပျော် ဇွန် ၁၈
၂၀၂၆ ခုနှစ် မိုးစပါးရာသီ မျိုးစေ့ချကိရိယာဖြင့်
မျိုးစေ့ချသရုပ်ပြစိုက်ပျိုးပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရေနောက်ကျေးရွာရှိ
လယ်မြေဧက ၅၀ ၌ ဇွန် ၁၇ ရက်က ပြုလုပ်သည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည်
မျိုးစေ့ကုန်ကျမှုသက်သာ၍ လုပ်သားရှားပါးမှုကို လျှော့ချနိုင်ကြောင်းနှင့် လယ်မြေအတွင်း
ပေါင်းသတ်ဆေး အလွန်အကျွံမသုံးစွဲရန် ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်၊ အားသာချက်များကို
ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်သူလယ်သမားများလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများ
သက်သာသောဈေးနှုန်းဖြင့် ပေးအပ်ပြီး တောင်သူ ဦးမောင်မြင့်၏ လယ်မြေတွင် မျိုးစေ့ချကိရိယာဖြင့်
စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)

No comments