အနောက်ဩစတြေးလျပြည်နယ်၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့ရသူပေါင်း ၃၀၀၀၀ ကျော်ရှိ
ဆစ်ဒနီ မေ ၃၁
အနောက်ဩစတြေးလျပြည်နယ်ရှိ
ပါ့သ်မြို့တော် ဧရိယာနှင့်အခြားသော ဒေသများတွင် လေပြင်း များ ပြင်းထန်စွာတိုက်ခတ်မှုကြောင့်
လူပေါင်း ၃၀၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်မှုကို ခံစားခဲ့ရသည်။ ဒေသတွင်း လျှပ်စစ်ဓာတ်အားကွန်ရက်လည်ပတ်ရေး
အော်ပရေတာ၏ အရေးပေါ် တုံ့ပြန်ရေးဝန်ထမ်းများသည် ပြင်းထန်သည့် မုန်တိုင်းအခြေအနေကြောင့်
ဖြစ်ပေါ်လာသည့် ဓာတ်အားပြတ်တောက်မှု ၁၆၀
ကျော်ကို ဖြေရှင်းရန် လုပ်ဆောင်နေကြသည်ဟု အနောက် ဩစတြေးလျပြည်နယ် မီးသတ်နှင့်အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောသည်။
မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့်
ဖျက်အားပြင်းထန်သည့်လေပြင်းများကြောင့် လျှပ်စစ်ဓာတ်အား လိုင်းများပေါ်သို့ သစ်ကိုင်းခြောက်များအပါအဝင်
အပျက်အစီးများ ပြုတ်ကျခြင်းကြောင့် စက်ပစ္စည်း များ ပျက်စီးခြင်းနှင့် ဓာတ်အားလိုင်းပြတ်တောက်ခြင်းတို့ဖြစ်ပေါ်စေခဲ့သည်ဟု
အနောက် ဩစတြေးလျပြည်နယ် မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောသည်။
အနောက်ဩစတြေးလျပြည်နယ် အနောက်ဘက်ဒေသများသို့ တစ်နာရီလျှင်
ကီလိုမီတာ ၆၀ မှ ကီလိုမီတာ ၇၀ အထိရှိသော
လေပြင်းများ မေ ၃၁ ရက်
မွန်းလွဲပိုင်းမှ ဇွန် ၁ ရက် နံနက်ပိုင်း
အထိ တိုက်ခတ်နိုင်သည်ဟု အနောက်ဩစတြေးလျပြည်နယ်
မီးသတ်နှင့်အရေးပေါ် ဝန်ဆောင်မှု ဌာနက ပြောသည်။
ဆင်ဟွာ

No comments