ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် လှူဒါန်းသည့် စာအုပ်များအား လက်ခံ




နေပြည်တော် ဇွန် ၁၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များနှင့်ဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပေးအပ်လှူဒါန်းသည့် ၂၀၂၂ ခုနှစ်၊ အမျိုးသားစာပေဆု (နိုင်ငံရေး) ဆုရစာအုပ်ဖြစ်သည့် စာရေးဆရာ သက်နိုင်ဦး(ကျည်ကာ) ကလောင်အမည်ဖြင့် ရေးသားထားသော “တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ် လမ်းမြေပုံကျမ်း” စာအုပ် ၄၅၀ ကို လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။


စာအုပ်လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင် မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.