အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီ မီးတောင်ဆက်လက်ပေါက်ကွဲနိုင်ခြေ မြင့်မား ဒုတိယအဆင့် သတိပေးချက်ထုတ်ပြန်ထား
ဂျကာတာ ဇွန် ၉
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း နူဆာတန်ဂါရာပြည်နယ်ရှိ လီဝို တိုဘီ
လာကီလာကီ မီးတောင် သည် ဒေသတွင်းလေဆိပ်ကို ယာယီပိတ်ထားလိုက်ရသည်အထိ ရက်အတန်ကြာ
ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်
ဆက်လက်ပေါက်ကွဲနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း အာဏာပိုင် များက ပြောကြားသည်။
ဖလောရက်စ်ကျွန်းပေါ်ရှိ အဆိုပါမီးတောင်သည်
ဇွန် ၅ ရက် မှစတင်၍ ကြိမ်ဖန်များစွာ ပေါက်ကွဲ ခဲ့ပြီး ကောင်းကင်ပေါ်သို့ မီးတောင်ချော်မှုန့်များ အဆက်မပြတ် လွှင့်ထုတ်လျက်ရှိကြောင်း ဒေသ တွင်း မီးတောင်စောင့်ကြည့်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။
ဇွန် ၈
ရက်တွင် ရှစ်ကြိမ်ခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး
ဇွန် ၉ ရက်၌လည်း ခြောက်ကြိမ်ထက်မနည်း ထပ်မံပေါက်ကွဲနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်ဒိုနီးရှားအစိုးရသည် အဆိုပါ
မီးတောင်နှင့်ပတ်သက်၍ ဒုတိယအမြင့်ဆုံး သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားသည်။ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာ၏
အနောက်ဘက် ကီလို မီတာ ၆၀ ခန့်အကွာရှိ ဒေသတွင်းလေဆိပ်ကို ယာယီပိတ်ထားခဲ့ရသော်လည်း ယခုအခါ
လုပ်ငန်း များ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ပစိဖိတ်မီးတောင် ရပ်ဝန်းဒေသတွင်
တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ရှင်အများအပြား တည်ရှိပြီး ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ

No comments