ဆိုမာလီယာဒိုင်လူကြီး အာတန် အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရ
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
ပထမဆုံးအကြိမ် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် လျာထားခြင်း ခံရသော ဆိုမာလီယာနိုင်ငံသား အိုမာအာတန်သည်
အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် ယခုအခါ ဒိုင်လူကြီးစာရင်းမှ
ပယ်ဖျက်ခြင်းခံရကြောင်း သိရသည်။
အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၅
ခုနှစ် အတွက် အကောင်းဆုံးအမျိုးသားဒိုင်လူကြီးအဖြစ် သတ်မှတ်ခံထားရသော အာတန်သည်
မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အမေရိကန် ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည်
လက်ရှိတွင် တူကီယဲနိုင်ငံ၌ ရှိနေကြောင်း သိရသည်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက အာတန်၏
ပြည်ဝင်ခွင့်ငြင်းပယ်ခံရသည့် အကြောင်းရင်းကို ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း
ဆိုမာလီယာနိုင်ငံသည် သမ္မတ ဒေါ်နယ် ထရမ့်အစိုးရ၏ ခရီးသွားလာခွင့်ပိတ်ပင်ခံထားရသောနိုင်ငံများစာရင်းတွင်
ပါဝင်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။
အောင်ဇော်

No comments