မြိုင်ကလေး အမှတ်(၂)ဘိလပ်မြေစက်ရုံ တန် ၄၀၀၀ ၌ မိုးရာသီ သစ်ပင်စိုက်ပွဲဖြင့် ကြီးမြန်သစ်မျိုး ၁၂၀၀ စိုက်ပျိုး



ဘားအံ ဇွန် ၁၃

ကရင်ပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခု နှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်းနှင့် သစ်မာမျိုးစုံ အပင် ၂၁၅၀၀၀ ကို ပျိုးထောင်ထားရှိပြီး ယနေ့နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပွဲအနေဖြင့် ဘားအံမြို့နယ် မြိုင်ကလေး အမှတ်(၂) ဘိလပ်မြေ စက်ရုံ တန် ၄၀၀၀ ၌ ကြီးမြန်သစ်မျိုးအပင် ၁၂၀၀ကို စိုက်ပျိုးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂)ဘိလပ် မြေစက်ရုံ တန် ၄၀၀၀ စက်ရုံမှူးထံ ပျိုးပင်များပေးအပ် ပြီး တက်ရောက်လာသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)နှင့် အမှတ်(၂) ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများ၊ မြိုင်ကလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရှင်သန်ကြီးထွား ရန် အကောင်းဆုံးအရွယ်ရှိသော ကြီးမြန်သစ်မျိုး များဖြစ်သည့် မအူ၊ ပျဉ်းမ၊ မန်ဂျန်ရှား စုစုပေါင်းအပင် ၁၂၀၀ ကို စိုက်ပျိုးကြပြီး သစ်ပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်) 

No comments

Powered by Blogger.