ဒလမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ဒလ ဇွန် ၁၈
တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊
ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်းနှင့် အခြေခံခြင်းတောင်းရက်
သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ပင်းယလမ်းရှိ
မူကြိုကျောင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင် က TA/LT ဆရာဆရာမများ ခန့်ထားခြင်းနှင့် ပတ်သက်သည့်
အကြောင်းအရာများ၊ ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး
ဒေါ်စိမ်းလဲ့ရည် က ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေးနှင့်
လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်မှုဆိုင်ရာများ၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးကျော်စွာသိမ်းက သမဝါယမဦးစီးဌာနတွင် လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍
အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments