လာမည့်ရွေးကောက်ပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပါဝင်ယှဉ်ပြိုင်မည်
ဂျေရုဆလင် ဇွန် ၁၀
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုသည် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း
၎င်း၏ လက်ယာယိမ်း လီကွတ်ပါတီက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
လီကွတ်ပါတီက နေတန်ယာဟုသည်
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အကျဉ်းချုပ် ထုတ်ပြန်ချက်တစ်စောင်ကို အသေးစိတ်ဖော်ပြခြင်းမရှိဘဲ
ထုတ်ပြန်ခဲ့သည်။
နေတန်ယာဟုသည် နောက်တစ်ကြိမ်
ရွေးကောက်ပွဲဝင်မည်ဆိုသည့်အပေါ် ရှင်းလင်းစွာမသိရသေး ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က
ABC သတင်းဌာနသို့ ပြောကြားပြီးနောက် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ကြေညာထားခြင်းမရှိသေးသော်လည်း
ဥပဒေ အရ လာမည့်အောက်တိုဘာလမတိုင်မီ ရွေးကောက်ပွဲကျင်းပရန် လိုအပ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments