ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးမည့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် - ၂၀၂၆ ကျင်းပ




မန္တလေး ဇွန် ၁၂

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မန္တလေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် -၂၀၂၆ (Mandalay Investment Forum-2026)ကို ယနေ့တွင် မန္တလေးမြို့ ရတနာပုံ ခန်းမ၌ကျင်းပရာ အမျိုးသားစီမံ ကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကျော်ဟိုး၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ် စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က မန္တလေးတိုင်းဒေသကြီးသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)နှင့် အိန္ဒိယ-မြန်မာ- ထိုင်း အဝေးပြေးလမ်းမကြီးတို့ ဆုံစည်းရာ မဟာဗျူဟာမြောက် ကုန်သွယ်မှုတံခါးပေါက် ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စနစ်များ အခိုင်အမာရှိသည့် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက် (Logistic Hub) တစ်ခုဖြစ်သော ကြောင့် ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆိုအားပေးပါ ကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်လာစေရန်တို့အတွက် ရည်ရွယ်၍လည်းကောင်း စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက် များကိုတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

သတင်းစဉ်

No comments

Powered by Blogger.