HSBC Championships တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အီဗာယိုဗစ်ချ် တက်ရောက်



အမေရိကန်နာမည်ကျော်တင်းနစ်မယ်   အီဗာယိုဗစ်ချ်သည်  HSBC Championships တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန္ဒြား အယ်လာကို ၆-၂၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး  ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ယိုဗစ်ချ်သည် ၃၂ ဦးအဆင့်တွင် ခရိုအေးရှားတင်းနစ်မယ် ရူဇစ်ကို ၆-၃၊ ၆-၄ ရလဒ်ဖြင့်  နိုင်ပွဲရယူပြီး  ၁၆ ဦးအဆင့်  တက်လှမ်းလာသူဖြစ်သည်။

အယ်လာသည်  ဇွန် ၇ ရက်က ဘာမင်ဂမ်ကလက်ဆစ်တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ   နောက်ဆုံးဗိုလ်လုပွဲတွင်   ပြိုင်ဘက် ချက်ဇ်တင်းနစ်မယ် ဘာတွန်ကိုဗာကို အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးထားနိုင်သော်လည်း ယခုပြိုင်ပွဲတွင် ၁၆ ဦးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး နှုတ်ဆက် ထွက်ခွာခဲ့ရပြီဖြစ်သည်။

HSBC Championships ပြိုင်ပွဲကို ကမ္ဘာ့အဆင့်(၂) ကာဇက်စတန်တင်းနစ်မယ် အီလန်နာ ရွိုင်ဘာကီ နာ အပါအဝင် ဘော်လ်တာ၊ ဘင်းဆစ်၊ ဆာစတီယန်၊ အမ်ဘိုကိုတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။   

အောင်ဇော်

No comments

Powered by Blogger.