ကျောက်မဲမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေး
ကျောက်မဲ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်မဲမြို့နယ်ဦးစီးမှူးရုံး၌
လမင်းစီမံချက်ဖြင့် ဇွန် ၁ ရက် နံနက်ပိုင်းက မြို့ပေါ်အမှတ်(၆) ရပ်ကွက်မှ ပြည်သူများအား
မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့်
Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းထိုက်ဇော်က သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယနေ့အထိ ကျောက်မဲမြို့နယ်အတွင်း အသက်(၁၀)နှစ်ပြည့်
နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၃၀၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း ၂၃၂
ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ခြင်း ၃၁၇ ဦး၊ အသက်(၁၈)နှစ်ပြည့် ကတ်ပြား ၉၆ ဦးနှင့်
Biometric UID ဇီဝအချက်အလက် ဆောင်ရွက်သူ ၁၆၇၁ ဦးတို့အား နိုင်ငံသားအခွင့်အရေးနှင့်
သက်သေခံအထောက်အထားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments