အီဘိုလာရောဂါကူးစက်ဖြစ်ပွားသော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ WHO အကြီးအကဲ သွားရောက်
ဂျီနီဗာ မေ ၃၁
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ့်အက်ဟာနွန် ဂါဘရီယက်ဆုစ်သည် အီဘိုလာ ရောဂါကူးစက်မှုဖြစ်ပွားကြောင်း
အတည်ပြုထားသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း အီတူရီပြည်နယ်သို့ မေ ၃၀ ရက်က
သွားရောက်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူး အပါအဝင် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံအသီးသီးက ချမှတ်ထားသော ခရီးသွားလာခွင့်တားမြစ်မှုများနှင့် နယ်စပ်ဂိတ်ပိတ်ပင်မှုများ သည် အီဘိုလာရောဂါတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်ကို
ပိုမိုခက်ခဲစေကြောင်း တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် ထိုကဲ့သို့ စီမံဆောင်ရွက်မှုများကို ပြန်လည်စဉ်းစား သုံးသပ်စေလိုကြောင်း
ယင်းနိုင်ငံများကို တိုက်တွန်းထားပြီး ထပ်မံကူညီပံ့ပိုးပေးကြရန်လည်း တောင်းဆိုထားသည်။
WHO သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်
အိမ်နီးချင်းယူဂန်ဒါနိုင်ငံတို့တွင် ကူးစက်ဖြစ်ပွား သော အီဘိုလာရောဂါကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ အများပြည်သူဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အစောပိုင်းတွင်
ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ
မေ ၂၇ ရက်အထိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားသည့်
သံသယရှိလူနာပေါင်း ၉၀၆ ဦးရှိကြောင်းနှင့် ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသည်ဟု
ယူဆရသူ ၂၂၃ ဦးရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments