ကမ္ဘောဒီးယား အန်ကောဒေသသို့ တရုတ်ခရီးသွား သုံးသောင်းခွဲနီးပါး လာရောက်



ဖနောင်ပင်  ဇူလိုင် 

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောရှေးဟောင်းသုတေသနဥယျာဉ် သို့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၃၃၉၉၁  ဦး လာရောက်ခဲ့ကြောင်း  ဇူလိုင်  ၂ ရက်က ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အန်ကောရှေးဟောင်း အမွေအနှစ်နေရာသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများအနက်   စတုတ္ထအများဆုံးနိုင်ငံဖြစ်ကြောင်း    နိုင်ငံပိုင်  Angkor Enterprise    က  ထုတ်ပြန် ထားသည်။ ဇွန်လတစ်လတည်းတွင် အန်ကောသို့ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၄၂၇၂ ဦး  လာရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။                     

ဆင်ဟွာ

No comments

Powered by Blogger.