ကော့မှူးမြို့နယ်၌ ဝါးအခြေခံလက်မှုသင်တန်းဆင်း




ကော့မှူး ဇူလိုင် ၂


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဝါးအခြေခံလက်မှုထည် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဖျောက်ကျေးရွာ ရတနာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြောကြားပြီး ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများသည် ဝါးဖြင့်ပြုလုပ်ထားသော လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.