ဆုတံဆိပ်များ ရယူပေးခဲ့သည့် နည်းပြ ဒါလစ်ချ် ခရိုအေးရှားအသင်းမှ နုတ်ထွက်
ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုတံဆိပ်နှစ်ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပြီး နိုင်ငံ့သမိုင်း တစ်လျှောက် အအောင်မြင်ဆုံး နည်းပြအဖြစ်
မှတ်တမ်းဝင်ခဲ့သည့် ဇလတ်ကိုဒါလစ်ချ်သည် ကိုးနှစ်
နီးပါးတာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင် ၈ ရက်တွင် နည်းပြအဖြစ်မှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း
အဆင့်တွင် ခရိုအေးရှားက ပေါ်တူဂီ အသင်းကို
နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး နောက်ယင်းနုတ်ထွက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
ဒါလစ်ချ်သည် ခရိုအေးရှားအသင်းကို ၂၀၁၇ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
ဒုတိယ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယအပြင်
၂၀၂၃ ယူအီးအက်ဖ် အေနေးရှင်းလိဂ်ပြိုင်ပွဲတွင် ဒုတိယရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
၎င်းသည် အဓိကပြိုင်ပွဲသုံးခုတွင် ဆုတံဆိပ်များ
ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ခရိုအေးရှားအသင်း သမိုင်းတစ်လျှောက်တွင်
အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ခရိုအေးရှားနည်းပြဟောင်း ဆလာဗင်ဘီလစ်
သည် လက်ရှိ ယူ-၂၁ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဒါလစ်ချ်၏ နေရာကို
အစားထိုးရန် ဦးဆောင်နေကြောင်း သိရသည်။

No comments